Episode Details

Back to Episodes
ကြံ့ခိုင်ရေးပါတီညီလာခံ ပြီးဆုံးသွားပြီး ဦးမင်းအောင်လှိုင်ရဲ့ လူယုံတွေထဲက ၂ ယောက်လောက် ဗဟို ကော်မတီဝင် အဖြစ် ပြန်ပါလာ။

ကြံ့ခိုင်ရေးပါတီညီလာခံ ပြီးဆုံးသွားပြီး ဦးမင်းအောင်လှိုင်ရဲ့ လူယုံတွေထဲက ၂ ယောက်လောက် ဗဟို ကော်မတီဝင် အဖြစ် ပြန်ပါလာ။

Published 1 week, 6 days ago
Description

- မော်စကိုမြို့နဲ့ ပတ်ဝန်းကျင်မှာ ရုရှား လွှတ်တော်ရွေးကောက်ပွဲ နောက်ဆုံးရက်အတွင်း ယူကရိန်း ဒရုန်းတွေရဲ့ ညလုံးပေါက် တိုက်ခိုက်တာကို ခံခဲ့ရ။ - အမေရိကန်ဟာ သူတို့အပေါ် စစ်ဆင်ရေး ပြန်စဖို့ ပြင်နေတဲ့ လက္ခဏာတွေ တွေ့ရတယ်၊ ဒေသတွင်းနိုင်ငံတွေ အနေနဲ့ အမေရိကန်နဲ့ မပူးပေါင်းဖို့ နဲ့ အမေရိကန်ရဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို တုံ့ပြန်လက်စားချေသွားမယ်လို့ အီရန်ပြော။ - အမေရိကန်သမ္မတ ထရမ့်က ဝါရှင်တန်ဒီစီမှာ သူဆောက်ချင်တဲ့ အောင်ပွဲခံ မုခ်ဦးကြီးမှာ ဒရုန်းတွေ၊ စနိုက်ပါသမားတွေနဲ့ ခဲယမ်းမီးကျောက်တွေကို ထားရှိမယ့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံ အဖြစ်လည်း သုံးသွားမယ်လို့ ပြောပါတယ်။ - မြောက်ကိုရီးယားဟာ အရှေ့ဘက်ကမ်းရိုးတန်း ပင်လယ်ပြင်ထဲ ဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့ပြီး အဲဒီအထဲက တစင်းက တာတိုပစ် ပဲ့ထိန်းဒုံးကျည်လို့ တောင်ကိုရီးယား ကာကွယ်ရေးဌာန အရာရှိတွေက ပြောပါတယ်။ - အင်္ဂလန် ဘောလုံးသမားဟောင်း အန်းဒရိုးစ် တောင်ဆန်ဟာ ထိုင်းမှာ မော်တာမောင်း မြေညှိစက်တစ်စင်း တိုက်ခံခဲ့ရပေမယ့် ဒဏ်ရာရမသွားခဲ့ဘဲ အခင်းဖြစ်ပြီးနောက် ဆက်လေ့ကျင့်ခန်းလုပ်ကာ နောက်ပိုင်းမှာ သူတို့အသင်း အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အစားထိုးကစားသမားအဖြစ် ဝင်ကစားပေးခဲ့ပါတယ်။ - ဟောင်ကောင်မှာ ဗြိတိန်အုပ်ချုပ်မှု ပြီးဆုံးပြီးနောက်ပိုင်း ပထမဆုံး ခေါင်းဆောင် တန်ချီဟွား စျာပန ကျင်းပခဲ့ပြီး အရေးကြီးပုဂ္ဂိုလ်တွေ တက်ရောက် ဂါရဝပြုခဲ့ကြပါတယ်။ - သီရိလင်္ကာ လေတပ်ဟာ မိုးခေါင်ဒေသတွေ မိုးရွာစေဖို့ စစ်လေယာဉ်မှာ ဘုန်းတော်ကြီး သုံးပါးတင်ဆောင်ကာ ပရိတ်တရားတွေ ရွတ်ဖတ် ရေစင်တွေ ကောင်းကင်ကနေ ဖြန့်ကြဲ ပက်ဖျန်းခဲ့ပြီး ဒါကို စစ်တပ်က ကရုဏာ သင်္ကေတပြ လုပ်ရပ်တစ်ခုအဖြစ် ဖော်ပြခဲ့

Listen Now

Love PodBriefly?

If you like Podbriefly.com, please consider donating to support the ongoing development.

Support Us