Episode Details

Back to Episodes
တယ်လီနောကို မြန်မာစစ်တပ်ရဲ့ ကြံရာပါ အနေနဲ့ နော်ဝေအစိုးရ စွဲချက်တင်

တယ်လီနောကို မြန်မာစစ်တပ်ရဲ့ ကြံရာပါ အနေနဲ့ နော်ဝေအစိုးရ စွဲချက်တင်

Published 2 weeks, 4 days ago
Description

စက်တင်ဘာလ ၁၅ ရက်၊ အင်္ဂါည ဘီဘီစီမြန်မာပိုင်း ရေဒီယိုအစီအစဉ် တိုက်ရိုက် ထုတ်လွှင့်မှု - တယ်လီနောကို မြန်မာစစ်တပ်ရဲ့ ကြံရာပါ အနေနဲ့ နော်ဝေအစိုးရ တရားစွဲ၊ တယ်လီနော အော်စလိုမြို့ ရုံးချုပ်ကို နော်ဝေရဲတပ်ဖွဲ့ ဝင်စီး၊ အာဏာသိမ်း မြန်မာ စစ်တပ်ကို တယ်လီနော ဖုန်းဆင်းကတ် သုံးသူတွေရဲ့ အချက်အလက်တွေ မျှဝေခဲ့တာဟာ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ မြောက်တယ်လို့ နော်ဝေ အာဏာပိုင်တွေ စွဲချက်တင် - ရခိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲ စစ်တပ်က ကြည်း၊ရေ၊လေ စစ်ဆင်ရေးတွေ လုပ်ပြီး တိုက်ခိုက်နေ။ စစ်တွေနဲ့ ကပ်ရက်မှာ ရှိလို့ ဗျူဟာမြောက် လုပ်နေတာလို့ စစ်ရေး အကဲခတ်တွေပြော - ယူကရိန်းနဲ့ ရုရှား နှစ်ဖက်စလုံး စွမ်းအင်ကဏ္ဍတွေကို ပစ်မှတ်ထား တိုက်ခိုက် တာမျိုး မလုပ်ဖို့ သဘောတူထားတယ်လို့ အမေရိကန် သမ္မတထရမ့်က ပြောတဲ့ ရက်မှာပဲ၊ ညလုံးပေါက် အပြန်အလှန် တိုက်ခိုက်တာတွေထဲ စွမ်းအင်ကဏ္ဍ ဆိုင်ရာ နေရာတွေ ပါဝင် - ယီမင်မှာ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရတပ်နဲ့ အီရန် ကျောထောက် နောက်ခံပြု ဟူသီ အဖွဲ့ တိုက်ပွဲ ဆက်လက် ပြင်းထန်၊ ဆော်ဒီအာရေဗျကလည်း ဟူသီပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်လုပ် - ဂါဇာ အပျက်အစီးပုံတွေအောင် ရုပ်အလောင်းတွေ ရာနဲ့ချီ ထပ်တွေ့ လာပြန်တဲ့ အတွက် အစ္စရေးစစ်တပ်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်နိုင်ခြေ ရှိခဲ့တာကို ပြနေတာပဲလို့ ကုလ လူ့အခွင့်အရေး မဟာမင်းကြီး ဗော်လ်ဂါတုခ်ပြော၊ နိုင်ငံတကာ စုံစမ်းရေးသမားတွေ ဂါဇာထဲက နေရာအနှံ့ကို ဝင်နိုင်ဖို့လိုတယ်လို့လည်း တောင်းဆို ..... စတဲ့ ထိပ်တန်းရောက် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကို လန်ဒန် မြို့တော်ကနေ တိုက်ရိုက် ထုတ်လွှင့်နေပါတယ်။ ဒီည တင်ဆက်သူကတော့ ကိုဝေဖြိုး ဖြစ်ပြီး၊ စတူဒီယို မန်နေဂျာကတော့ ဗိုလိုဒီမီယာ မိုဇဂျ်ကာ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို ည ၈ နာရီကနေ ၈နာရီခွဲအထိ လှိုင်းတိုမီတာ ၂၂ ကီလိုဟာ့တ်ဇ် ၁၃၇၄၀ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

Listen Now

Love PodBriefly?

If you like Podbriefly.com, please consider donating to support the ongoing development.

Support Us