Episode Details

Back to Episodes
ကုလမျက်နှာစာကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖယ်ရှား ဖမ်းဆီးရေး နေပြည်တော် လုပ်မယ်ဆိုတာ လက်တွေ့ကျလား

ကုလမျက်နှာစာကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖယ်ရှား ဖမ်းဆီးရေး နေပြည်တော် လုပ်မယ်ဆိုတာ လက်တွေ့ကျလား

Published 2 weeks, 5 days ago
Description

စက်တင်ဘာလ ၁၄ ရက်၊ တနင်္လာည ဘီဘီစီမြန်မာပိုင်း ရေဒီယိုအစီအစဉ် နောက်ဆုံးရ သတင်းများ - ကုလမျက်နှာစာကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖယ်ရှားပြီး ဖမ်းဆီးနိုင်ရေး လုပ်မယ်လို့ နေပြည်တော် အာဏာပိုင်တွေ ပြောနေတာ လက်တွေ့ ဖြစ်နိုင်လား - စစ်တပ်ရဲ့ ထောက်ပို့ ရေယာဥ်တွေကို ဧရာဝတီမြစ်ထဲ KIA နဲ့ ပူးပေါင်းအဖွဲ့တွေ ထပ်မံ တိုက်ခိုက်လို့ သင်္ဘော ၃ စင်း မီးလောင်ကြောင်း KIA ပြော - ရန်ကုန် စမ်းချောင်းထဲက ဘားခန်း မီးလောင်မှု၊ ခန အတွင်း မီးကြီးပြီး လူ့အသက်တွေ ဆုံးရှုံးရတဲ့ အထိ ဘာလို့ ဖြစ်ခဲ့တာလဲ ... ဘာတွေ သတိထားရမလဲ - ပြည်တွင်း မြေပဲဆီ စျေးတွေ ဘာ့ကြောင့် ခုန်တက်နေသလဲ .... - ပိုလန်နဲ့ နယ်စပ်အနီး ယူကရိန်း ရထားကို ရုရှားက တိုက်ခိုက်တာဟာ ဥရောပ နိုင်ငံတွေ အားလုံးကို ခြိမ်းခြောက်တာလို့ အီးယူ ပြော - ဟော်မုဇ် ရေလက်ကြား ပိတ်နေချိန် ပင်လယ်နီ ဆိပ်ကမ်းတွေဆီ ရေနံ သယ်ပေးနေတဲ့ ဆော်ဒီအာရဗျ ပိုက်လိုင်းကြီး တိုက်ခိုက် ခံလာရလို့၊ ဆော်ဒီက ပိတ်ချ၊ ရေနံစိမ်း စျေး နောက်တချီ ထပ်တက် .... စတဲ့ ထိပ်တန်းရောက် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကို လန်ဒန် မြို့တော်ကနေ တိုက်ရိုက် ထုတ်လွှင့်နေပါတယ်။ ဒီည တင်ဆက်သူကတော့ ကိုဝေဖြိုး ဖြစ်ပြီး၊ စတူဒီယို မန်နေဂျာကတော့ ရပ်ဆဲလ်နျူးလဗ် ဖြစ်ပါတယ်။ ------------------------------------------------------------- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို ည ၈ နာရီကနေ ၈နာရီခွဲအထိ လှိုင်းတိုမီတာ ၂၂ ကီလိုဟာ့တ်ဇ် ၁၃၇၄၀ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

Listen Now

Love PodBriefly?

If you like Podbriefly.com, please consider donating to support the ongoing development.

Support Us