Episode Details

Back to Episodes
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့မှာ သက်ရှိကြောင်းပြဖို့နဲ့ သူ့ကို ချက်ချင်း လွှတ်ပေးဖို့ကျယ်ကျယ်ပြန့်ပြန့်တောင်းဆိုနေ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့မှာ သက်ရှိကြောင်းပြဖို့နဲ့ သူ့ကို ချက်ချင်း လွှတ်ပေးဖို့ကျယ်ကျယ်ပြန့်ပြန့်တောင်းဆိုနေ

Published 3 months, 2 weeks ago
Description

- အစ္စရေးနဲ့ ဟစ်ဇဘိုလာကြား အပစ်ရပ်ရေး သဘောတူညီချက် ရသွားပြီ။ - အမေရိကန်ဟာ နာဇီတွေနဲ့ ဆက်ဆံနေတယ်လို့ အစ္စရေးက လက်ယာစွန်းဝါဒီ လုံခြုံရေး ဝန်ကြီး ဘန်ဂဗီယာ က စွပ်စွဲပြောကြားသလို ဒေါ်နယ်ထရမ့် တယောက်ကသာ အစ္စရေးဘက် ကလည်းပြီး ဖေးမကူညီကာ လက်နက် ထောက်ပံ့ပေးနေတာလို့ အစ္စရေး ခေါင်းဆောင်တွေကို မစ္စတာဗန့်စ်က သတိပေး။ - အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီအပေါ် သမ္မတ ထရမ့်က အထင်သေးဖွယ် မှတ်ချက်များ ပြောကြားခဲ့တယ်လို့ ဆိုပြီး နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာယာနီက အခု သီတင်းပတ်ကုန်မှာ သွားရောက်မယ့် သူ့ရဲ့ အမေရိကန် ခရီးစဉ်ကို ဖျက်သိမ်း။ - အာဖဂန်နစ္စတန် ကာကွယ်ရေးဝန်ကြီးက သူတို့လေတပ်ဟာ ပါကစ္စတန်မှာ ပုန်းအောင်းနေတဲ့ သူ့အဆိုအရ အစ္စလာမ်ဝါဒီ စစ်သွေးကြွတွေကို မနေ့တညလုံး တိုက်ခိုက်ခဲ့တယ်လို့ ပြော။ - Doctors Without Borders က ဝန်ထမ်းတွေနဲ့ အမြဲမဟုတ်တဲ့ဝန်ထမ်းတွေအပေါ် စွပ်စွဲချက် ၅၉ ခုကို စစ်ဆေးခဲ့ပြီးအဲဒီအထဲမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို လိင်ဆက်ဆံဖို့ အစားအစာပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ပါဝင်တယ်လို့ ပြော။ - အိန္ဒိယမှာ ဆေးပညာဝင်ခွင့် အရေးကြီးစာမေးပွဲ မတိုင်ခင် Telegram မက်ဆေ့ချ် အက်ပ်ကို ယာယီပိတ်ပင်ထားဖို့ အစိုးရအမိန့်ကို ပယ်ဖျက်ပေးပါလို့ Telegram က တင်သွင်းတဲ့ အယူခံကို မြို့တော် ဒေလီက တရားရုံးတစ်ရုံးက ပယ်ချ။ - ဗြိတိန်မှာ တိရစ္ဆာန်ရုံက မိကျောင်းလှောင်အိမ်ထဲရောက်သွားတဲ့ သုံးနှစ်အရွယ် ကလေးတယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် လူသတ်ဖို့ ကြိုးပမ်းတဲ့ သံသယနဲ့ ဖမ်းထားတဲ့ အမျိုးသားကို အာမခံနဲ့ လွှတ်ပေးလိုက်ပြီလို့ ရဲက ပြောတဲ့ အကြောင်း အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

Listen Now

Love PodBriefly?

If you like Podbriefly.com, please consider donating to support the ongoing development.

Support Us