Episode Details

Back to Episodes
တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေကနေ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် ၁၄ ဦး ကို ခန့်အပ်

တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေကနေ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် ၁၄ ဦး ကို ခန့်အပ်

Published 6 months ago
Description

- သမ္မတ ထရမ့်က ငြိမ်းချမ်းရေး အဆိုပြုချက် သဘောတူဖို့ သတိပေးလိုက်ပြီး လက်မခံရင် "အကုန်လုံး ဒီညမှာ အသက်ဆုံးရှုံးရလိမ့်မယ်" လို့ အီရန်ခေါင်းဆောင်တွေကို ထပ်မံ ခြိမ်းခြောက် - အီရန်ပြည်သူတွေအနေနဲ့ ဘူတာရုံတွေ ရထားစီးတာတွေ ဒီနေ့ ရှောင်ကြဖို့ အစ္စရေးက သတိပေးထား - လက်ဘနွန် နိုင်ငံ တောင်ပိုင်းနဲ့ အနောက်ပိုင်း ဘီခါတောင်ကြားမှာ အစ္စရေးရဲ့ တိုက်ခိုက်မှု အတွင်း အနည်းဆုံး လူ ၈ ယောက်သေဆုံးသွားတယ်လို့ လက်ဘနွန်အမျိုးသား သတင်း အေဂျင်စီ ပြော - တူရကီ နိုင်ငံ အစ္စတန်ဘူးလ်မြို့က အစ္စရေးသံရုံးနားမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သေနတ်သမားတယောက် သေဆုံးကာ တခြား နှစ်ယောက် ဒဏ်ရာရခဲ့ - ယူကရိန်းအရှေ့ပိုင်း နီပရိုပက်ထရိုဗစ်စ်ခ် အရပ်က နီခိုပိုးလ် မြို့မှာ ဘတ်စကားကို ရုရှားဒရုန်း ထိမှန်ခဲ့တာကြောင့် လူ ၃ ယောက်သေဆုံးသွားပြီး အနည်းဆုံး လူ ၁၅ ယောက် ဒဏ်ရာရခဲ့ - တိုင်ဝမ် အဓိက အတိုက်အခံပါတီ ကူမင်တန် ခေါင်းဆောင် ချန်လီဝန်း တရုတ်နိုင်ငံကို သွားရောက် - ပြင်သစ်မှာ အမြန်ရထားတစင်း ကုန်ကားနဲ့ တိုက်မိလို့ ရထားမောင်းသမား သေဆုံးသွားပြီး တခြား လူ ၂ ယောက် အပြင်းအထန် ဒဏ်ရာရသွား - ဗီယက်နမ်ဥပဒေပြုအမတ်တွေဟာ ကွန်မြူနစ်ပါတီခေါင်းဆောင် တူလမ်း ကို လာမည့်ငါးနှစ် အတွက် နိုင်ငံတော်သမ္မတအဖြစ် တညီတညွတ်တည်း မဲပေးရွေးချယ် ခဲ့တဲ့အကြောင်း အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။

Listen Now

Love PodBriefly?

If you like Podbriefly.com, please consider donating to support the ongoing development.

Support Us