Episode Details
Back to Episodes
စည်ပင်သာယာရေးဝန်ကြီးတွေကို သက်ဆိုင်ရာ မြို့တော်ဝန်တွေအဖြစ် ခန့်အပ်ဖို့ ပြင်ဆင်လိုက်ပြီ
Description
- အီရန်နိုင်ငံ တီဟီရန် မြို့တော်နဲ့ တခြားမြို့ကြီးတွေကို အမေရိကန်နဲ့ အစ္စရေးတို့က ခြောက်ရက်မြောက်နေ့အဖြစ် ဆက်လက် တိုက်ခိုက်နေပြီး ပေါက်ကွဲမှုတွေလည်း ဖြစ်နေ။ - အမေရိကန် ရေတပ်သင်္ဘောက တော်ပီဒိုနဲ့ ပစ်ခတ်မှုကြောင့် ထိသွားတဲ့ အီရန် စစ်သင်္ဘောက သေဆုံးသူ ၈၇ ယောက် အလောင်းတွေကို ပြန်လွှဲပေးဖို့ အီရန် အစိုးရက အကူအညီတောင်းခံ ခဲ့တယ်လို့ သီရိလင်္ကာပြော။ - အဇာဘိုင်ဂျန် အနောက်ပိုင်း အီရန်နယ်စပ်နားက နက်ချီဗန်မြို့ စာသင်ကျောင်းနားက လေဆိပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ အီရန်စစ်တပ်က ပြော။ - အီရန်မှာ ပြည်တွင်းစစ်ဖြစ်လာမှာကို စိုးရိမ်မိတယ်လို့ ဥရောပသမဂ္ဂ သံအကြီးအကဲ ခါဂျာ ခလာ့စ် က ပြောပြီး အီးယူအနေနဲ့ ပင်လယ်ကွေ့ ဒေသ ရေကြောင်း လုံခြုံမှုတွေ အပေါ် စိုးရိမ်လျက် နေတဲ့အပြင် ဟောမုစ် လက်ကြား ပြန်ဖွင့်ဖို့ အပါအဝင် ရေကြောင်းသွားလာမှုတွေ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ကြိုးစားနေတယ်လို့ ဆို။ - အစ္စရေးဟာ အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဟစ်ဇဘိုလာအဖွဲ့ အခြေစိုက်ရာ ဘေရွတ် မြို့တော် တောင်ပိုင်းဆင်ခြေဖုံး အပါအဝင် လက်ဘနွန် ကို တညလုံး လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့။
- ဗြိတိန်ရေတပ် အခြေစိုက်စခန်းကို ဒရုန်းထိမှန်ခဲ့ပြီးနောက် အီတလီ၊ ပြင်သစ်၊ စပိန်နဲ့ နယ်သာလန် တို့က ရေတပ်အင်အားတွေ ဥရောပသမဂ္ဂ အဖွဲ့ဝင် ဆိုက်ပရပ် နိုင်ငံကို ကာကွယ်ဖို့ ရောက်လာ။ - အီရတ် ကာဒစ်စတန်မှာရှိတဲ့ အီရန် ကားဒစ်ရှ်တပ်ဖွဲ့တွေရဲ့ ဌာနချုပ်ကို ဒုံးကျည်သုံးလုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ အီရန်စစ်တပ်က ပြော - အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ HRANA ကတော့ မနေ့ ဗုဒ္ဓဟူး ညနေပိုင်းအထိ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အီရန်မှာ သေဆုံးသူ အရပ်သား တထောင့်တရာကျော်သွားပြီလို့ ပြောလိုက်တဲ့ အကြောင်း အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်းတွေနဲ့ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို