Episode Details
Back to Episodes
မြန်မာအတွက် ဒေါ်လာသန်းတစ်ရာကျော် အကူအညီ ပါဝင်တဲ့ အမေရိကန်အစိုးရ အသုံးစရိတ်ဥပဒေကြမ်း သမ္မတထရမ့် လက်မှတ်ရေးထိုး
Description
- မြန်မာအတွက် ဒေါ်လာသန်းတစ်ရာကျော် အကူအညီ ပါဝင်တဲ့ အမေရိကန်အစိုးရ အသုံးစရိတ်ဥပဒေကြမ်း သမ္မတထရမ့် လက်မှတ်ရေးထိုး - မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ ဆက်ပံ့ပိုးသွားမယ်လို့ တရုတ် ထုတ်ဖော်ပြော - ဆောက်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေသစ် စစ်ကော်မရှင် ပြဌာန်း - ယူကရိန်းနဲ့ ရုရှား နှစ်ရက်ကြာဆွေးနွေးပွဲ စစ်သုံ့ပန်း ထပ်လဲလှယ်ရေး သဘောတူချက်နဲ့ အဆုံးသတ် - ယူကရိန်းရဲ့ မီးရထားလမ်း အပါအဝင် အခြေခံအဆောက်အအုံနေရာတွေကို ရုရှားတိုက်ခိုက် - နိုင်ဂျီးရီးယားမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ရွာတစ်ရွာဆီ စစ်တပ် တပ်ဖွဲ့တစ်ဖွဲ့ သမ္မတ ဘိုလာ တီနူဘူ စေလွှတ် - အငြင်းပွားနေတဲ့ ထိုင်း ကမ္ဘောဒီးယား နယ်စပ်မျဉ်းအတွက် သမိုင်းဝင်အထောက်အထားတွေ ထုတ်ပေးဖို့ ပြင်သစ်သမ္မတကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် စာရေးပန်ကြား - ပင်လယ်ကွေ့ထဲမှာ ခုတ်မောင်းနေတဲ့ ရေနံတင် သင်္ဘော နှစ်စီးနဲ့ သင်္ဘောအမှုထမ်းတွေကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဖမ်းဆီးလိုက် - အရွယ်မရောက်သေးသူတွေကို လိင်အသုံးချခဲ့တဲ့ ဂျက်ဖရီ အက်ပ်စတီးန်ရဲ့ မှတ်တမ်းဖိုင်တွဲပါ ဗြိတိန်မင်းသားဟောင်း အင်ဒရူးရဲ့ ဓာတ်ပုံတွေ ချားလ်ဘုရင် သွားမယ့် ရွာနားမှာ ပြန့်ကျဲ လွှင့်ပစ်ထားတာ တွေ့ရ