Episode Details
Back to Episodes
စစ်ခေါင်းဆောင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေ
Description
- စစ်ခေါင်းဆောင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေ - NLD အစိုးရလက်ထက် ပြဌာန်းခဲ့တဲ့ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေထဲက ဥပဒေတချို့ကို စစ်ကော်မရှင် ပြင်ဆင် - ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ် ရခိုင်ရိုးမကို ဗဟိုပြုလှုပ်ခဲ့တဲ့ အားပြင်း ငလျင်တွေကြောင့် ထိခိုက်ပျက်စီးမှု - ရုရှားနဲ့ အခုနောက်ဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ စစ်ရေးကိစ္စ အဓိကထား ဆွေးနွေးမယ်လို့ ယူကရိန်းပြော - နိုင်ဂျီးရီးယားမှာ သေနတ်သမားတွေရဲ့ လက်ချက်နဲ့ သေဆုံးသူအရေအတွက် ၇၀ အထိ တိုးလာ - ဂါဇာမြောက်ပိုင်းနဲ့ တောင်ပိုင်းကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အနည်းဆုံး လူ ၁၇ ဦး သေဆုံး - ပါကစ္စတန်မှာ ဘာလော့ဂ် ခွဲထွက်ရေးသူပုန်တွေနဲ့ သုံးရက်ကြာ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေ ဖြစ်ခဲ့အပြီး လုံခြုံရေးတပ်ဖွဲ့တွေက ဒရုန်းတွေ၊ ရဟတ်ယာဉ်တွေ သုံးပြီး တိုက်ခိုက်ခဲ့ - အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ်မှာ ကိုရီးယား အွန်လိုင်းဂိမ်း စွဲနေတဲ့ မိန်းကလေးငယ် ညီအစ်မ သုံးဦး တိုက်ပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေ