Episode Details
Back to Episodes
စက်မှုဇုံတွေနဲ့ သီးသန့် ဓာတ်အားလိုင်း ယူထားတဲ့နေရာတွေကို ၂၄ နာရီ မီးပေးပြီး မီတာခ နောက်ထပ်တစ်ဆနီးပါး တိုးကောက်မယ်
Description
- ဂါဇာဒေသကနေ ပါလက်စတိုင်းတွေ အဝင်အထွက်လုပ်နိုင်တဲ့ တစ်ခုတည်းသော ရာဖာနယ်စပ်ဂိတ် ပြန်ဖွင့် - စက်မှုဇုံတွေနဲ့ သီးသန့် ဓာတ်အားလိုင်း ယူထားတဲ့နေရာတွေကို ၂၄ နာရီ မီးပေးပြီး မီတာခ နောက်ထပ်တစ်ဆနီးပါး တိုးကောက်မယ် - ရွေးကောက်ပွဲ အပိုင်းသုံးပိုင်း ကျင်းပအပြီး နိုင်ငံရေးပါတီတွေရဲ့ အခြေအနေ - စစ်အာဏာသိမ်းပြီးကတည်းက ကလေးငယ်တွေ ကာကွယ်ဆေး မထိုးနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးအဖြစ် မျိုးဆက်တစ်ဆက် ပျောက်ကွယ်သွားနိုင်လို့ ကုလသမဂ္ဂ သတိပေး - ကျားဖြန့်မှုနဲ့ သေဒဏ်ချမှတ်ခံထားရသူ ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်ရဲ့ သား ပယ်ရင်ချိန် အပါအဝင် လေးဦးကို သေဒဏ်စီရင်လိုက်ကြောင်း တရုတ်ထုတ်ပြန် - တရုတ်တရားရေးဝန်ကြီးဟောင်းကို လာဘ်ယူမှုနဲ့ ထောင်ဒဏ် တစ်သက်တကျွန်း ချမှတ် - နိုင်ဂျီးရီးယားမှာ သေနတ်သမားတွေရဲ့ ပြန်ပေးဆွဲခံရမှုကနေ ထွက်ပြေး လွတ်မြောက်လာသူ ခရစ်ယာန်ဘာသာဝင် ၈၀ ကို ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်နေ - ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်းနဲ့ မိသားစုဝင် သုံးဦးကို အဂတိမှု စွဲချက်တွေနဲ့ မျက်ကွယ်မှာ ထောင်ဒဏ်အသီးသီး ချမှတ်