Episode Details
Back to Episodes
လက်နက်စနစ် တပ်ဆင်ထားတဲ့ မောင်းသူမဲ့ လေယာဉ်တွေ အသုံးပြုမှု စတင်တော့မယ့်အကြောင်း လေတပ်ဦးစီးချုပ်က ထုတ်ဖော်ပြော
Description
- ရုရှား၊ အမေရိကန်နဲ့ ယူကရိန်းတို့ ပထမဆုံးအကြိမ် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ ရှိ - လက်နက်စနစ် တပ်ဆင်ထားတဲ့ မောင်းသူမဲ့ လေယာဉ်တွေ အသုံးပြုမှု စတင်တော့မယ့်အကြောင်း လေတပ်ဦးစီးချုပ်က ထုတ်ဖော်ပြော - ဇန်နဝါရီလ ၂၅ ရက်ကျရင် ကျန်တဲ့ ၆၁ မြို့နယ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ၃ ရဲ့မဲရလဒ်အလားအလာ - အမေရိကန်မှာ ယာယီခိုလှုံနေထိုင်ခွင့် TPS သက်တမ်း ဇန်နဝါရီ ၂၆ ရက်မှာ ကုန်ဆုံးတော့မှာမို့ အမေရိကန်ရောက် မြန်မာတွေရဲ့ စိုးရိမ်မှု - ရုရှားရဲ့ အဆက်မပြတ်တိုက်ခိုက်မှုတွေကြောင့် စွမ်းအင် အခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ရတဲ့ ယူကရိန်းကို ပိုလန်က မီးစက် ရာနဲ့ချီ ပို့ပေး - အာဖဂန်နစ္စတန်စစ်ပွဲအတွင်း နေတိုးတပ်ဖွဲ့ဝင်တွေရဲ့ ကဏ္ဍကို မှေးမှိန်အောင် ပြောခဲ့တဲ့ သမ္မတ ထရမ့်ကို ဒေါသတကြီး တုံ့ပြန်မှုတွေ ထွက်ပေါ်နေ - ဂျပန်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဝန်ကြီးချုပ်က ပါလီမန်လွှတ်တော် ဖျက်သိမ်း - ပါကစ္စတန်မှာ မီးစွဲလောင်ခဲ့တဲ့စျေးဝယ်စင်တာ အပျက်အစီးပုံတွေထဲက ရုပ်ကြွင်းအလောင်း ၆၇ လောင်း ပြန်ရှာတွေ့ထား၊ ၈၀ ကျော်ကတော့ ပျောက်ဆုံးနေဆဲ