Episode Details

Back to Episodes
မြန်မာရင်ဆိုင်နေရတဲ့ လူမျိုးတုံး သတ်ဖြတ်မှုစွဲချက် ICJ  တရားရုံး ကြားနာစစ်ဆေးမှု နောက်ဆုံးအခြေအနေ

မြန်မာရင်ဆိုင်နေရတဲ့ လူမျိုးတုံး သတ်ဖြတ်မှုစွဲချက် ICJ တရားရုံး ကြားနာစစ်ဆေးမှု နောက်ဆုံးအခြေအနေ

Published 8 months, 2 weeks ago
Description

- ဒါဗို့စ် ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ သမ္မတ ထရမ့် မိန့်ခွန်းပြော - ကမ္ဘာကြီးမှာ ခန့်မှန်းမရတဲ့ အပြောင်းအလဲတွေ ဖြစ်လာနေတာမို့ ဥရောပနိုင်ငံတွေအနေနဲ့ စီးပွားရေး၊ ကာကွယ်ရေးတွေမှာ အမြန်ဆုံး တိုးမြှင့်လုပ်ဆောင်ဖို့ ဥရောပကော်မရှင်အကြီးအကဲ တိုက်တွန်း - မြန်မာရင်ဆိုင်နေရတဲ့ လူမျိုးတုံး သတ်ဖြတ်မှု စွဲချက် ICJ တရားရုံး ကြားနာစစ်ဆေးမှု - ရွေးကောက်ပွဲ အပိုင်း သုံး ကျင်းပမယ့် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက မြို့နယ်တွေက မြေပြင်အခြေအနေ - အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ ကပြဖျော်ဖြေနေချိန် ကလေးငယ်တစ်ဦးကို ဇာတ်စင်ပေါ်ကိုခေါ်ယူပြီး အမြင်မတင့်တယ်စရာ မဖွယ်မရာလုပ်ရပ် လုပ်ခဲ့တာအပေါ် ဝေဖန်မှုတွေ မြင့်တက်နေ - ဘီဘီစီထံ ပေါက်ကြားပေါ်ထွက်လာတဲ့ ဓာတ်ပုံတွေအရ အီရန်ဆန္ဒပြမှုတွေအတွင်း အစိုးရရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် သေဆုံးခဲ့ရသူ ရာပေါင်းများစွာရဲ့ မျက်နှာတွေတွေ့ရ - ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ဒါဗို့စ်မြို့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်မှာ မဟုတ်ကြောင်း အတည်ပြုပြော - ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးကို ပစ်သတ် လုပ်ကြံခဲ့သူကို တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ် - မလေးရှားမှာ ထိပ်တန်း စစ်အရာရှိနှစ်ဦးကို ငွေကြေးခဝါချမှု၊ အဂတိလိုက်စားမှုတွေနဲ့ စွဲချက်တင်မယ်လို့ မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ပြော

Listen Now

Love PodBriefly?

If you like Podbriefly.com, please consider donating to support the ongoing development.

Support Us