Episode Details

Back to Episodes
အလုပ်လုပ်ကိုင်ခွင့်နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပအလုပ်သမားသက်သေခံကတ်ကိုင်ဆောင်ထားသူတွေအပေါ် အလုပ်သမားဝန်ကြီးဌာနက နောက်ထပ်ကန့်သတ်

အလုပ်လုပ်ကိုင်ခွင့်နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပအလုပ်သမားသက်သေခံကတ်ကိုင်ဆောင်ထားသူတွေအပေါ် အလုပ်သမားဝန်ကြီးဌာနက နောက်ထပ်ကန့်သတ်

Published 8 months, 3 weeks ago
Description

- ငြိမ်းချမ်းရေးနိုဘဲလ်ဆု မရတဲ့အတွက် ငြိမ်းချမ်းရေးအတွက် သူစဉ်းစား လုပ်ဆောင်စရာ မလိုတော့ဘူးလို့ သမ္မတထရမ့်ပြော - အလုပ်လုပ်ကိုင်ခွင့် နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပအလုပ်သမားသက်သေခံကတ် ကိုင်ဆောင်ထားသူတွေ နိုင်ငံခြားထွက်ချင်ရင် အလည်အပတ် နိုင်ငံကူးလက်မှတ် ပြောင်းကိုင်ကြဖို့ အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန် - လာမဲ့ ရွေးကောက်ပွဲအပိုင်း ၃ မှာ ပါတဲ့ မန္တလေးတိုင်းထဲက မြင်းခြံ၊ ငါန်းဇွန်နဲ့ တောင်သာဘက်မှာ စစ်တပ်ဘက်က စစ်ကြောင်းထိုး၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်လာနေ - ကြည့်မြင်တိုင်မြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်အတွက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ခဲ့တဲ့ ဇောတိကဦးခင်လှိုင် ရွေးကောက်ပွဲအပိုင်း ၂ မှာ မဲအပြတ်အသတ်နိုင် - ဂရီးလန်းကျွန်း ပိုင်ဆိုင်မှု အငြင်းပွားနေမှုကို ညှိနှိုင်းပြောဆိုခြင်းအားဖြင့် ဖြေရှင်းကြဖို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ တိုက်တွန်း - ဂျပန်မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ဝန်ကြီးချုပ် တာကာအီချီ တောင်းဆို - စပိန်တောင်ပိုင်းမှာ မြန်နှုန်းမြင့် ရထား နှစ်စင်း ခေါင်းချင်းဆိုင်တိုက်မိခဲ့ပြီး အနည်းဆုံး လူ ၃၉ ဦး သေဆုံး - တရုတ်နိုင်ငံမှာ ကလေးမွေးဖွားမှုနှုန်း လေးနှစ်ဆက်တိုက် အနိမ့်ဆုံးအဆင့် စံချိန်တင်ခဲ့ - ပါကစ္စတန်နိုင်ငံက စျေးဝယ်စင်တာ မီးလောင်မှုအတွင်း အနည်းဆုံး လူ ၁၅ ဦး သေဆုံး

Listen Now

Love PodBriefly?

If you like Podbriefly.com, please consider donating to support the ongoing development.

Support Us